ယူႏိုက္တက္မွာ ေခါင္းေဆာင္ေကာင္းေတြမ်ားစြာ ရွိေနၿပီဆိုတဲ့ ပီတာရွမိုက္ကယ္

ယူႏိုက္တဒ္ဂႏၷဝင္ဂိုးသမားေဟာင္းႀကီး ရွမိုက္ကယ္ က အသင္းမွာ ဦးေဆာင္ႏိုင္စြမ္းရွိတဲ့ ကစားသမားမ်ားစြာ ရွိေနၿပီျဖစ္တာေၾကာင့္ ကြင္းတြင္း ဦးေဆာင္မႈ႕ကပိုမိုေကာင္းမြန္လာလိမ့္မယ္ လို႔ ခ်ီးမြန္းလိုက္ပါတယ္။ ယူႏိုက္တဒ္ဟာေခတ္အဆက္ဆက္မွာ ကြင္းတြင္းေခါင္းေဆာင္မႈ႕အေပၚအေျခခံတဲ့ နည္းဗ်ဴဟာေတြ အသုံးခ်ခဲ့ေပမယ့္ ဆာဖာဂီေခတ္လြန္မွာေတာ့ ကြင္းအတြင္း ဦးေဆာင္သူမရွိသလို အသင္းအေပၚဩဇာေညာင္းတဲ့ ကစားသမား လည္းမရွိတာေၾကာင့္ ထိန္းခ်ဳပ္ရပိုမိုခက္ခဲခဲ့ပါတယ္။

ပီတာရွမိုက္ကယ္က “ေပါဂ့္ဘာကအခုဆို ျပန္လာပါၿပီ။ သူကေမြးရာပါအသင္းေခါင္းေဆာင္တစ္ေယာက္ျဖစ္ပါတယ္။က်ေနာ္တို႔မွာ အသင္းေခါင္းေဆာင္ ျဖစ္တဲ့ မက္ဂြိဳင္းယား လို အသင္းအေပၚဩဇာေညာင္းၿပီး ဆြဲေခၚႏိုင္တဲ့ သူလည္းရွိပါတယ္။ဂိုးမွာဆိုရင္လည္း ဒေဟးယား က ေကာင္းစြာ စီမံခန႔္ခြဲႏိုင္သလို ခံစစ္ကို ဦးေဆာင္ႏိုင္ပါတယ္။လင္ဒီေလာဖ့္လည္း ရွိတာေၾကာင့္ အသင္းရဲ႕ ဦးေဆာင္မႈ႕ က အေတာ့္ကိုအားရေက်နပ္ဖို႔ေကာင္းပါတယ္။ ”

“ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ ပက္သက္ရင္လည္း သူ႔ရဲ႕ေခါင္းေဆာင္မႈ႕အရည္အေသြးက ေမးခြန္းထုတ္စရာမလိုပါဘူး။ဝုဗ္ဗာဟက္တန္နဲ႔ ကစားခဲ့တဲ့ သူ႔ရဲပြဲဦးထြက္ပြဲကို အိုးထရဒ့္ဖိုဒ့္ကို သြားၾကည့္ခဲ့ပါေသးတယ္။သူက အခုမွစေရာက္တဲ့လူသစ္ေပမယ့္ အသင္းကို ဘယ္ေပးလိုက္၊ ဒီေပးလိုက္၊ငါ့ကိုေပး အစရွိသျဖင့္ေတာက္ေလွ်ာက္ကိုၫႊန္ၾကားေနတာပါ။ကစားသမားတိုင္းကလည္း ဒါကိုလိုက္နာၿပီးတုံ႔ျပန္ၾကတာေတြ႕ခဲ့ပါတယ္”။

“ယူႏိုက္တဒ္ အေနနဲ႔ ဘ႐ူႏိုကိုေခၚယူၿပီးေနာက္ပိုင္းမွာ အေတာ္ေလးေကာင္းခဲ့ၿပီး ရာသီမရပ္နားခင္က တကယ့္ပုံစံေကာင္းကိုရရွိခဲ့ပါတယ္။ဘ႐ူႏို က ယူႏိုက္တဒ္ ရဲ႕ ပုံစံတစ္ခုလုံးကို ေျပာင္းလဲႏိုင္ခဲ့တယ္ေလ။”လို႔ဆိုပါတယ္။

unicode

ယူနိုက်တဒ်ဂန္နဝင်ဂိုးသမားဟောင်းကြီး ရှမိုက်ကယ် က အသင်းမှာ ဦးဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားများစွာ ရှိနေပြီဖြစ်တာကြောင့် ကွင်းတွင်း ဦးဆောင်မှု့ကပိုမိုကောင်းမွန်လာလိမ့်မယ် လို့ ချီးမွန်းလိုက်ပါတယ်။ ယူနိုက်တဒ်ဟာခေတ်အဆက်ဆက်မှာ ကွင်းတွင်းခေါင်းဆောင်မှု့အပေါ်အခြေခံတဲ့ နည်းဗျူဟာတွေ အသုံးချခဲ့ပေမယ့် ဆာဖာဂီခေတ်လွန်မှာတော့ ကွင်းအတွင်း ဦးဆောင်သူမရှိသလို အသင်းအပေါ်ဩဇာညောင်းတဲ့ ကစားသမား လည်းမရှိတာကြောင့် ထိန်းချုပ်ရပိုမိုခက်ခဲခဲ့ပါတယ်။

ပီတာရှမိုက်ကယ်က “ပေါဂ့်ဘာကအခုဆို ပြန်လာပါပြီ။ သူကမွေးရာပါအသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ကျနော်တို့မှာ အသင်းခေါင်းဆောင် ဖြစ်တဲ့ မက်ဂွိုင်းယား လို အသင်းအပေါ်ဩဇာညောင်းပြီး ဆွဲခေါ်နိုင်တဲ့ သူလည်းရှိပါတယ်။ဂိုးမှာဆိုရင်လည်း ဒဟေးယား က ကောင်းစွာ စီမံခန့်ခွဲနိုင်သလို ခံစစ်ကို ဦးဆောင်နိုင်ပါတယ်။လင်ဒီလောဖ့်လည်း ရှိတာကြောင့် အသင်းရဲ့ ဦးဆောင်မှု့ က အတော့်ကိုအားရကျေနပ်ဖို့ကောင်းပါတယ်။ ”

“ဘရူနိုဖာနန်ဒက်စ် နဲ့ ပက်သက်ရင်လည်း သူ့ရဲ့ခေါင်းဆောင်မှု့အရည်အသွေးက မေးခွန်းထုတ်စရာမလိုပါဘူး။ဝုဗ်ဗာဟက်တန်နဲ့ ကစားခဲ့တဲ့ သူ့ရဲပွဲဦးထွက်ပွဲကို အိုးထရဒ့်ဖိုဒ့်ကို သွားကြည့်ခဲ့ပါသေးတယ်။သူက အခုမှစရောက်တဲ့လူသစ်ပေမယ့် အသင်းကို ဘယ်ပေးလိုက်၊ ဒီပေးလိုက်၊ငါ့ကိုပေး အစရှိသဖြင့်တောက်လျှောက်ကိုညွှန်ကြားနေတာပါ။ကစားသမားတိုင်းကလည်း ဒါကိုလိုက်နာပြီးတုံ့ပြန်ကြတာတွေ့ခဲ့ပါတယ်”။

“ယူနိုက်တဒ် အနေနဲ့ ဘရူနိုကိုခေါ်ယူပြီးနောက်ပိုင်းမှာ အတော်လေးကောင်းခဲ့ပြီး ရာသီမရပ်နားခင်က တကယ့်ပုံစံကောင်းကိုရရှိခဲ့ပါတယ်။ဘရူနို က ယူနိုက်တဒ် ရဲ့ ပုံစံတစ်ခုလုံးကို ပြောင်းလဲနိုင်ခဲ့တယ်လေ။”လို့ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*