ဆန္ခ်ိဳ အေျပာင္းေ႐ႊ႕အေျခေနကို ရွင္းျပခဲ့တဲ့ နာမည္ႀကီးဂ်ာနယ္လစ္

PA ရဲ႕ အႀကီးတန္းသတင္းေထာက္ တစ္ေယာက္ျဖစ္တဲ့ Simon Peach က လက္ရွိအေျပာင္းေ႐ႊ႕ရာသီအတြင္းမွာ ဆန္ခ်ိဳ ရဲ႕ အေျပာင္းေ႐ႊ႕အေျခေနေတြနဲ႔ ေဒါ့မြန္အသင္းရဲ႕ရပ္တညႇ္မႈ႕ရွင္းလင္းေျပာဆိုခဲ့ပါတယ္။ယူႏိုက္တဒ္အေနနဲ႔ လာမယ့္ရာသီအတြက္ အဓိက အားျဖည့္တင္းမႈ႕ သုံးခုကိူ ျပဳလုပ္မွာျဖစ္ၿပီး ေတာင္ပံ၊ကြင္းလယ္ နဲ႔ ‌ဗဟိုခံစစ္တို႔ကို အဓိက ေစာင့္ၾကည့္လ်က္ရွိတယ္လို႔ဆိုပါတယ္။ ယူႏိုက္တဒ္ ရဲ႕ အေျပာင္းေ႐ႊ႕ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အေပၚမွီခိုေနၿပီး ပထမအဆင့္ကစားသမားေတြကို ဝင္ခြင့္ရရွိမွသာေခၚယူႏိုင္လိမ့္မယ္လို႔လည္းသိရပါတယ္။ဝင္ခြင့္လြဲေခ်ာ္ခဲ့ရင္ ဒုတိယနဲ႔တတိယ ပစ္မွတ္ေတြပဲေခၚယူႏိုင္တယ္လို႔လည္းဆိုပါတယ္။

ဆိုင္မြန္က “ဆန္ခ်ိဳနဲ႔ပက္သက္ရင္ ယူႏိုက္တဒ္အေနနဲ႔ ဘယ္ေလာက္ထိေကာင္းမြန္တဲ့ကမ္းလွမ္းမႈ႕လုပ္ႏိုင္မလည္းဆိုတာကအေရးပါပါတယ္။သူတို႔ကအခုလက္ရွ္ိမွာ စပို႔တင္းနဲ႔ဘ႐ူႏို အတြက္ မွန္ကန္တဲ့ေဈးႏႈန္းရရွိဖို႔ လုပ္ခဲ့သလိုပဲ ခဏေဘးထြက္ၿပီး အေျခေနေတြကို ေစာင့္ၾကည့္ေနတာပါ။ဆန္ခ်ိဳက လူတိုင္းရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္တဲ့ ကစားသမားမ်ိဳးျဖစ္သလို မန္ယူႏိုက္တဒ္မွာ ေပ်ာက္ဆုံးေနတဲ့အစိတ္အပိုင္းတစ္ခုလိုပါပဲ။မန္ယူႏိုက္တဒ္ အေနနဲ႔ ႀကီးမားတဲ့ကမ္းလွမ္းမႈ႕နဲ႔သာသြားမယ္ဆိုရင္ ေသခ်ာေပါက္ဆန္ခ်ိဳ ကိုရရွိမွာပါ။ဒါေပမယ့္လည္း မီဒီယာေတြ ေဖာ္ျပေနသလိုေတာ့ ေတာင္းဆိုတဲ့ေဈးအတိုင္းေပးလိုက္ဖို႔ဆိုတာက က်ေနာ္ေတာ့ သိပ္ၿပီးမထင္ပါဘူး။” ဟု ဆိုပါတယ္။

မန္ယူႏိုက္တဒ္ အေနနဲ႔ ေဂ်ဒန္ဆန္ခ်ိဳ အေျပာင္းေ႐ႊ႕ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ေသခ်ာတဲ့အခ်ိန္မွသာ ျပန္လည္စတင္လိုၿပီး ကစားသမားရဲ႕ ျပင္းျပတဲ့ ေျပာင္းေ႐ႊ႕လိုစိတ္က ေဒါ့မြန္အသင္းကိုအခက္ေတြ႕ေစမယ္လို႔ယုံၾကည္ထားပါတယ္။ ေဒါ့မြန္အေနနဲ႔လည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ခက္ခဲေနတာေၾကာင့္ ယခုရာသီမွာမေရာင္းခ်ႏိုင္ခဲ့ရင္ တန္ဖိုး ထက္ဝက္ မက ေလ်ာ့နည္းသြားမွာျဖစ္တဲ့အျပင္ လက္ရွိမွာလည္း ဘ႑ာေရး အက်ပ္တည္းၾကားထဲေရာက္ေနတာေၾကာင့္ ဆန္ခ်ိဳ ကိူ ေသခ်ာေပါက္ေရာင္းခ်ၿပီး ဝင္ေငြ ျပန္ရွာေဖြဖို႔ႀကိဳးစားမွာလည္းျဖစ္ပါတယ္။

ယူႏိုက္တဒ္အေနနဲ႔ ဆန္ခ်ိဳ အတြက္ ထပ္တိုးဆုေၾကးအပါဝင္ ေပါင္သန္း ၁၁၅သန္း ကို ေ႐ြးခ်ယ္စရာ ၉ မ်ိဳးအထိ ျပင္ဆင္ထားၿပီး ေပါင္သန္း ၈၀ ေျပာင္းေ႐ႊ႕ေၾကး ကိုအရစ္က်ေပးေခ်ကာ ထပ္တိုးဆုေၾကး သန္း၂၀+၁၅သန္း တန္ေၾကးရွိတဲ့ ေ႐ြးခ်ယ္မႈ႕ကိုေတာ့ ေဒါ့မြန္အသင္းဖက္က လက္သင့္ခံႏိုင္တယ္လို႔လည္းသိရပါတယ္။

unicode

PA ရဲ့ အကြီးတန်းသတင်းထောက် တစ်ယောက်ဖြစ်တဲ့ Simon Peach က လက်ရှိအပြောင်းရွှေ့ရာသီအတွင်းမှာ ဆန်ချို ရဲ့ အပြောင်းရွှေ့အခြေနေတွေနဲ့ ဒေါ့မွန်အသင်းရဲ့ရပ်တညှ်မှု့ရှင်းလင်းပြောဆိုခဲ့ပါတယ်။ယူနိုက်တဒ်အနေနဲ့ လာမယ့်ရာသီအတွက် အဓိက အားဖြည့်တင်းမှု့ သုံးခုကိူ ပြုလုပ်မှာဖြစ်ပြီး တောင်ပံ၊ကွင်းလယ် နဲ့ ‌ဗဟိုခံစစ်တို့ကို အဓိက စောင့်ကြည့်လျက်ရှိတယ်လို့ဆိုပါတယ်။ ယူနိုက်တဒ် ရဲ့ အပြောင်းရွှေ့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ်မှီခိုနေပြီး ပထမအဆင့်ကစားသမားတွေကို ဝင်ခွင့်ရရှိမှသာခေါ်ယူနိုင်လိမ့်မယ်လို့လည်းသိရပါတယ်။ဝင်ခွင့်လွဲချော်ခဲ့ရင် ဒုတိယနဲ့တတိယ ပစ်မှတ်တွေပဲခေါ်ယူနိုင်တယ်လို့လည်းဆိုပါတယ်။

ဆိုင်မွန်က “ဆန်ချိုနဲ့ပက်သက်ရင် ယူနိုက်တဒ်အနေနဲ့ ဘယ်လောက်ထိကောင်းမွန်တဲ့ကမ်းလှမ်းမှု့လုပ်နိုင်မလည်းဆိုတာကအရေးပါပါတယ်။သူတို့ကအခုလက်ရှိမှာ စပို့တင်းနဲ့ဘရူနို အတွက် မှန်ကန်တဲ့ဈေးနှုန်းရရှိဖို့ လုပ်ခဲ့သလိုပဲ ခဏဘေးထွက်ပြီး အခြေနေတွေကို စောင့်ကြည့်နေတာပါ။ဆန်ချိုက လူတိုင်းရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်တဲ့ ကစားသမားမျိုးဖြစ်သလို မန်ယူနိုက်တဒ်မှာ ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းတစ်ခုလိုပါပဲ။မန်ယူနိုက်တဒ် အနေနဲ့ ကြီးမားတဲ့ကမ်းလှမ်းမှု့နဲ့သာသွားမယ်ဆိုရင် သေချာပေါက်ဆန်ချို ကိုရရှိမှာပါ။ဒါပေမယ့်လည်း မီဒီယာတွေ ဖော်ပြနေသလိုတော့ တောင်းဆိုတဲ့ဈေးအတိုင်းပေးလိုက်ဖို့ဆိုတာက ကျနော်တော့ သိပ်ပြီးမထင်ပါဘူး။” ဟု ဆိုပါတယ်။

မန်ယူနိုက်တဒ် အနေနဲ့ ဂျေဒန်ဆန်ချို အပြောင်းရွှေ့ကို ချန်ပီယံလိဂ်ဝင်ခွင့်သေချာတဲ့အချိန်မှသာ ပြန်လည်စတင်လိုပြီး ကစားသမားရဲ့ ပြင်းပြတဲ့ ပြောင်းရွှေ့လိုစိတ်က ဒေါ့မွန်အသင်းကိုအခက်တွေ့စေမယ်လို့ယုံကြည်ထားပါတယ်။ ဒေါ့မွန်အနေနဲ့လည်း စာချုပ်သစ်ချုပ်ဆိုဖို့ ခက်ခဲနေတာကြောင့် ယခုရာသီမှာမရောင်းချနိုင်ခဲ့ရင် တန်ဖိုး ထက်ဝက် မက လျော့နည်းသွားမှာဖြစ်တဲ့အပြင် လက်ရှိမှာလည်း ဘဏ္ဍာရေး အကျပ်တည်းကြားထဲရောက်နေတာကြောင့် ဆန်ချို ကိူ သေချာပေါက်ရောင်းချပြီး ဝင်ငွေ ပြန်ရှာဖွေဖို့ကြိုးစားမှာလည်းဖြစ်ပါတယ်။

ယူနိုက်တဒ်အနေနဲ့ ဆန်ချို အတွက် ထပ်တိုးဆုကြေးအပါဝင် ပေါင်သန်း ၁၁၅သန်း ကို ရွေးချယ်စရာ ၉ မျိုးအထိ ပြင်ဆင်ထားပြီး ပေါင်သန်း ၈၀ ပြောင်းရွှေ့ကြေး ကိုအရစ်ကျပေးချေကာ ထပ်တိုးဆုကြေး သန်း၂၀+၁၅သန်း တန်ကြေးရှိတဲ့ ရွေးချယ်မှု့ကိုတော့ ဒေါ့မွန်အသင်းဖက်က လက်သင့်ခံနိုင်တယ်လို့လည်းသိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*