စပါးနဲ႔ပြဲမတိုင္မီ သူ႔ရဲ႕ႀကံခိုင္မႈ႕အေျခေနကို ဖြင့္ဟလိုက္တဲ့ ရရွ္ဖိုဒ့္

ယခုရက္ပိုင္းအတြင္း မားကပ္စ္ နဲ႔ သူ႔ရဲ႕ ပရဟိတ လုပ္ငန္းေတြက ႏိုင္ငံေတာ္အဆင့္ထိ ေပါက္ေရာက္ခဲ့သလိုဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ ကပါ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ရတဲ့အထိ ေအာင္ျမင္မႈ႕ေတြ ရရွိခဲ့ပါတယ္။ ကြင္းျပင္ပမွာ လူမႈ႕ေရး ႀကိဳပမ္းမႈ႕ေတြနဲ႔အတူ ထင္ရွားလာတဲ့ မားကပ္စ္ က ကြင္းတြင္းမွာလည္း ‌ယူႏိုက္တဒ္ နဲ႔အတူ ေအာင္ျမင္မႈ႕ ရရွိဖို႔ ႀကိဳးစားေနၿပီး ေလ့က်င့္ေရးမွာလည္း အျပင္းထန္ ေလ့က်င့္လ်က္ရွိပါတယ္။ ဒဏ္ရာ ေၾကာင့္ ကာလရွည္ၾကာ အနားယူခဲ့ရမႈ႕ကို အဆုံးသတ္ႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ သူ႔ရဲ႕ဒဏ္ရာေပ်ာက္ကင္းဖို႔ အခ်ိန္အေတာ္ၾကာၾကာ အနားေပးမႈ႕ျပဳလုပ္ခဲ့ရသလို ယခုခ်ိန္မွာေတာ့ အေကာင္းဆုံးအေနထားကိုရရွိေနၿပီလို႔ဆိူပါတယ္။

မားကပ္စ္က ” က်ေနာ့္အတြက္ေတာ့ ခ်ိန္သားကိုက္အလုပ္ျဖစ္ခဲ့တယ္ဆိုရပါမယ္။က်ေနာ့္အနားယူခဲ့တဲ့ဘအခ်ိန္အမ်ားစုကို ေကာင္းမြန္စြာ နဲ႔ ဒဏ္ရာ ကုစားဖို႔အသုံးခ်ႏိုင္ခဲ့ပါတယ္။က်ေနာ့္ ခႏၶာကိုယ္နဲ႔ပက္သက္ရင္ ယုံၾကည္မႈ႕အျပည့္အဝျပန္ရေနသလို ပြဲေတြျပန္ကစားဖို႔လည္းအသင့္ျဖစ္ေနပါၿပီ။က်ေနာ့္ရဲ႕ပြဲတြင္းေျခစြမ္းတိုးတက္ဖို႔နဲ႔ပက္သက္ရင္စိတ္ပိုင္းဆိုင္ရာ အားသာခ်က္ပိုရဖို႔ကအေရးႀကီးပါတယ္။

” ၿပီးခဲ့တဲ့ ႏိုဝင္ဘာနဲ ဒီဇင္ဘာလေတြမွာေတာ့ တူညီတဲ့ေျခစြမ္နဲ႔ ကစားႏိုင္ခဲ့တယ္ဆိုတာကိုေတာ့ ခံစားမိပါတယ္။‌အၿမဲတမ္း ေျခစြမ္းျပႏိုင္ဖို႔ဆိုရင္ ပထမတစ္ခ်က္အေနနဲ႔ ေကာင္းမြန္တဲ့စြမ္းရည္ရွိဖို႔လိုအပ္သလို ဒုတိယအခ်က္အေနနဲ႔ တည္ၿငိမ္မႈ႕ ရွိဖို႔လိုပါတယ္။ဒါကို ပုံမွန္အတိုင္း လုပ္ႏိုင္ၿပီဆိူရင္အရာရာက အဆင္ေျပပါၿပီ။”

“ပရိတ္သတ္မပါပဲ ကစားရမွာကေတာ့ တကယ့္ကို ကြဲျပားလြန္းတဲ့ ခံစားမႈ႕တစ္ခုပါပဲ။ပြဲထဲမွာ သိပ္ကိုေမာပန္းေနတဲ့အခါ၊ ဆက္ၿပီးမကစားႏိုင္ေလာက္ေအာင္ ပင္ပန္းလာတဲ့အခါ အားေပးမယ့္ ပရိတ္သတ္ေတြ မရွိေတာ့ပဲ ကိုယ္တိုင္ အားတင္းရတာမ်ိဳး ဒါမွမဟုတ္ အသင္းေဖာ္ခ်င္း အားေပးႏွိစ္သိမ့္တာမ်ိဳးပဲ ရွိ‌ပါေတာ့မယ္” ဟု ေျပာသြားခဲ့လိုက္ပါတယ္။

unicode

ယခုရက်ပိုင်းအတွင်း မားကပ်စ် နဲ့ သူ့ရဲ့ ပရဟိတ လုပ်ငန်းတွေက နိုင်ငံတော်အဆင့်ထိ ပေါက်ရောက်ခဲ့သလိုဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကပါ ချီးကျူးဂုဏ်ပြုခဲ့ရတဲ့အထိ အောင်မြင်မှု့တွေ ရရှိခဲ့ပါတယ်။ ကွင်းပြင်ပမှာ လူမှု့ရေး ကြိုပမ်းမှု့တွေနဲ့အတူ ထင်ရှားလာတဲ့ မားကပ်စ် က ကွင်းတွင်းမှာလည်း ‌ယူနိုက်တဒ် နဲ့အတူ အောင်မြင်မှု့ ရရှိဖို့ ကြိုးစားနေပြီး လေ့ကျင့်ရေးမှာလည်း အပြင်းထန် လေ့ကျင့်လျက်ရှိပါတယ်။ ဒဏ်ရာ ကြောင့် ကာလရှည်ကြာ အနားယူခဲ့ရမှု့ကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့ဒဏ်ရာပျောက်ကင်းဖို့ အချိန်အတော်ကြာကြာ အနားပေးမှု့ပြုလုပ်ခဲ့ရသလို ယခုချိန်မှာတော့ အကောင်းဆုံးအနေထားကိုရရှိနေပြီလို့ဆိူပါတယ်။

မားကပ်စ်က ” ကျနော့်အတွက်တော့ ချိန်သားကိုက်အလုပ်ဖြစ်ခဲ့တယ်ဆိုရပါမယ်။ကျနော့်အနားယူခဲ့တဲ့ဘအချိန်အများစုကို ကောင်းမွန်စွာ နဲ့ ဒဏ်ရာ ကုစားဖို့အသုံးချနိုင်ခဲ့ပါတယ်။ကျနော့် ခန္ဓာကိုယ်နဲ့ပက်သက်ရင် ယုံကြည်မှု့အပြည့်အဝပြန်ရနေသလို ပွဲတွေပြန်ကစားဖို့လည်းအသင့်ဖြစ်နေပါပြီ။ကျနော့်ရဲ့ပွဲတွင်းခြေစွမ်းတိုးတက်ဖို့နဲ့ပက်သက်ရင်စိတ်ပိုင်းဆိုင်ရာ အားသာချက်ပိုရဖို့ကအရေးကြီးပါတယ်။

” ပြီးခဲ့တဲ့ နိုဝင်ဘာနဲ ဒီဇင်ဘာလတွေမှာတော့ တူညီတဲ့ခြေစွမ်နဲ့ ကစားနိုင်ခဲ့တယ်ဆိုတာကိုတော့ ခံစားမိပါတယ်။‌အမြဲတမ်း ခြေစွမ်းပြနိုင်ဖို့ဆိုရင် ပထမတစ်ချက်အနေနဲ့ ကောင်းမွန်တဲ့စွမ်းရည်ရှိဖို့လိုအပ်သလို ဒုတိယအချက်အနေနဲ့ တည်ငြိမ်မှု့ ရှိဖို့လိုပါတယ်။ဒါကို ပုံမှန်အတိုင်း လုပ်နိုင်ပြီဆိူရင်အရာရာက အဆင်ပြေပါပြီ။”

“ပရိတ်သတ်မပါပဲ ကစားရမှာကတော့ တကယ့်ကို ကွဲပြားလွန်းတဲ့ ခံစားမှု့တစ်ခုပါပဲ။ပွဲထဲမှာ သိပ်ကိုမောပန်းနေတဲ့အခါ၊ ဆက်ပြီးမကစားနိုင်လောက်အောင် ပင်ပန်းလာတဲ့အခါ အားပေးမယ့် ပရိတ်သတ်တွေ မရှိတော့ပဲ ကိုယ်တိုင် အားတင်းရတာမျိုး ဒါမှမဟုတ် အသင်းဖော်ချင်း အားပေးနှိစ်သိမ့်တာမျိုးပဲ ရှိ‌ပါတော့မယ်” ဟု ပြောသွားခဲ့လိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*