ေပါဂ့္ဘာနဲ႔ဘ႐ူႏိုကို ဘယ္ေနရာေတြမွာအသုံးျပဳရင္ အေကာင္းဆုံးျဖစ္မလဲ သုံးသပ္ခဲ့တဲ့ ရွမိုက္ကယ္

ယူႏိုက္တဒ္ ဂႏၷဝင္ဂိုးသမားႀကီးပီတာရွမိုက္ကယ္က @talksports နဲ႔ ျပဳလုပ္တဲ့ အေမးအေျဖအစီစဥ္မွာ ယူႏိုက္တဒ္ ကြင္းလယ္ အတြဲဖက္ျဖစ္တဲ့ ေပါဂ့္ဘာ၊ဘ႐ူႏို အတြဲဖက္ကို သူကိုယ္တိုင္လည္း စိတ္ဝင္စားေနၿပီး ဘယ္လိုအသုံးျပဳရမယ္ဆိုတာနဲ႔ပက္သက္ရင္ေတာ့ အေတာ္ေလး ေခါင္းေျခာက္ေစတယ္လို႔ဆိုပါတယ္။ ယူႏိုက္တဒ္ ဂိုးသမားႀကီးကေတာ့ ေပါဂ့္ဘာကို တိုက္စစ္ပိုင္း ပိုမိုလိုက္ေစလိုၿပီး ျပင္သစ္သားက တိုက္စစ္မွာဆိုရင္ အဆုံးစမဲ့အားအင္ေတြနဲ႔အတူ အသင္းကိုေမာင္းႏွင္နင္ႏိုင္မယ္လို႔လည္း ဆိုပါတယ္။

ပီတာရွမိုက္ကယ္က ” အခုခ်ိန္မွာ လူတိုင္းကျပန္လာႏိုင္ၿပီျဖစ္လို႔ အားလုံးမွာတာဝန္ကိုယ္စီရွိေနပါၿပီ။ ေပါဂ့္ဘာနဲ႔ပက္သက္ရင္ေတာ့ သူ႔ကိုနံပါတ္ (၁၀) ေနရာမွာပိုၿပီးသေဘာေတြ႕မိပါတယ္။အဲ့ဒီေနရာက သူ႔အတြက္လည္း ပိုၿပီး ကစားခြင္ရပါလိမ့္မယ္။ေပါလ္အေနနဲ႔ ခံစစ္ကို တာဝန္သိပ္မယူရပဲ အသင္းတည္ေဆာက္မႈ႕မွာလည္းသိပ္ၿပီးမပါဝင္ရဘူးဆိုရင္ တိုက္စစ္ပိုင္းမွာ ပိုေကာင္းတဲ့ပုံစံနဲ႔သူကစားႏိုင္ပါလိမ့္မယ္။က်ေနာ္တို႔အေနနဲ႔ ေပါဂ့္ဘာ နဲ႔ ဘ႐ူႏို ရဲ႕ အားၿပိဳင္မႈ႕ကို ကြင္းထဲမွာ ယခုထက္ထိ မျမင္ေတြ႕ရေသးပါဘူး။ဒါက လိဂ္ျပန္စတာနဲ႔ ေစာင့္ၾကည့္ရမယ့္အရာပါပဲ”။

ဆက္လက္ၿပီး ” ေပါဂ့္ဘာရဲ႕စြမ္းေဆာင္ရည္နဲ႔ပက္သက္ရင္ ဘာမွျငင္းခုန္ေနစရာမလိုပါဘူး။သူကသိပ္ေကာင္းတဲ့ကစားသမားျဖစ္ေပမယ့္ သူဘယ္ေနရာမွာ အေကာင္းဆူံးကစားႏိုင္မလည္းဆိုတာကေတာ့ နည္းနည္းစဥ္းစားဖို႔ေကာင္းပါတယ္။သူ႔အေနနဲ႔တိုက္စစ္ပိုင္းမွာပိုၿပီးပါဝင္ပက္သက္ခြင့္ရရင္ေတာ့ ပိုမိုေကာင္းမြန္တဲ့ေျခစြမ္းကိုျပသႏိုင္မွာပါ။လူေတြက သူ႔ရဲ႕ အကြာေဝး ခပ္လွမ္းလွမ္းအထိ ေပးႏိုင္တဲ့ အရည္အေသြးကို လိုခ်င္ေနၾကတာသိပေမယ့္ က်ေနာ္က သူ႔ရဲ႕ ေဘာလုံးဉာဏ္ရည္ကိုပိုၿပီးအလိုရွိပါတယ္။”

“သူရဲ႕ ေမွ်ာထိုးေပးပို႔မႈ႕ေတြ က သိပ္ ကိုေကာင္းမြန္လြန္းတယ္မဟုတ္လား။ ဘ႐ူႏိုကို ဘယ္ဖက္အျခမ္းနည္းနည္း ပိုေရာက္တဲ့ေနရာမွာ ကစားေစခ်င္ပါတယ္။သူကကြင္းလယ္တစ္ခုလုံးလွည့္ပတ္ကစားႏိုင္ပါတယ္။သူတို႔ႏွစ္ေယာက္ကို တစ္ဖက္တစ္ခ်ပ္စီထားၿပီး ၄-၃-၃ စနစ္နဲ႔လည္းကစားႏိုင္သလို ဒါက ေပါဂ့္ဘာ အတြက္လည္း အေကာင္းဆုံးျပန္လာမႈ႕ျဖစ္လာပါလိမ့္မယ္။ဒီလိုသာပြဲထြက္ခဲ့ရင္ သူ႔အတြက္ေတာ့ ကာလရွည္ၾကာေစာင့္ခဲ့ရတဲ့ အခ်ိန္ေတြကို ပိုင္ဆိုင္ႏိုင္ေတာ့မွာျဖစ္ပါတယ္။” ဟု ပီတာရွမိုက္ကယ္က  သုံးသပ္ေျပာၾကားသြးခဲ့ပါတယ္။

unicode

ယူနိုက်တဒ် ဂန္နဝင်ဂိုးသမားကြီးပီတာရှမိုက်ကယ်က @talksports နဲ့ ပြုလုပ်တဲ့ အမေးအဖြေအစီစဉ်မှာ ယူနိုက်တဒ် ကွင်းလယ် အတွဲဖက်ဖြစ်တဲ့ ပေါဂ့်ဘာ၊ဘရူနို အတွဲဖက်ကို သူကိုယ်တိုင်လည်း စိတ်ဝင်စားနေပြီး ဘယ်လိုအသုံးပြုရမယ်ဆိုတာနဲ့ပက်သက်ရင်တော့ အတော်လေး ခေါင်းခြောက်စေတယ်လို့ဆိုပါတယ်။ ယူနိုက်တဒ် ဂိုးသမားကြီးကတော့ ပေါဂ့်ဘာကို တိုက်စစ်ပိုင်း ပိုမိုလိုက်စေလိုပြီး ပြင်သစ်သားက တိုက်စစ်မှာဆိုရင် အဆုံးစမဲ့အားအင်တွေနဲ့အတူ အသင်းကိုမောင်းနှင်နင်နိုင်မယ်လို့လည်း ဆိုပါတယ်။

ပီတာရှမိုက်ကယ်က ” အခုချိန်မှာ လူတိုင်းကပြန်လာနိုင်ပြီဖြစ်လို့ အားလုံးမှာတာဝန်ကိုယ်စီရှိနေပါပြီ။ ပေါဂ့်ဘာနဲ့ပက်သက်ရင်တော့ သူ့ကိုနံပါတ် (၁၀) နေရာမှာပိုပြီးသဘောတွေ့မိပါတယ်။အဲ့ဒီနေရာက သူ့အတွက်လည်း ပိုပြီး ကစားခွင်ရပါလိမ့်မယ်။ပေါလ်အနေနဲ့ ခံစစ်ကို တာဝန်သိပ်မယူရပဲ အသင်းတည်ဆောက်မှု့မှာလည်းသိပ်ပြီးမပါဝင်ရဘူးဆိုရင် တိုက်စစ်ပိုင်းမှာ ပိုကောင်းတဲ့ပုံစံနဲ့သူကစားနိုင်ပါလိမ့်မယ်။ကျနော်တို့အနေနဲ့ ပေါဂ့်ဘာ နဲ့ ဘရူနို ရဲ့ အားပြိုင်မှု့ကို ကွင်းထဲမှာ ယခုထက်ထိ မမြင်တွေ့ရသေးပါဘူး။ဒါက လိဂ်ပြန်စတာနဲ့ စောင့်ကြည့်ရမယ့်အရာပါပဲ”။

ဆက်လက်ပြီး ” ပေါဂ့်ဘာရဲ့စွမ်းဆောင်ရည်နဲ့ပက်သက်ရင် ဘာမှငြင်းခုန်နေစရာမလိုပါဘူး။သူကသိပ်ကောင်းတဲ့ကစားသမားဖြစ်ပေမယ့် သူဘယ်နေရာမှာ အကောင်းဆူံးကစားနိုင်မလည်းဆိုတာကတော့ နည်းနည်းစဉ်းစားဖို့ကောင်းပါတယ်။သူ့အနေနဲ့တိုက်စစ်ပိုင်းမှာပိုပြီးပါဝင်ပက်သက်ခွင့်ရရင်တော့ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းကိုပြသနိုင်မှာပါ။လူတွေက သူ့ရဲ့ အကွာဝေး ခပ်လှမ်းလှမ်းအထိ ပေးနိုင်တဲ့ အရည်အသွေးကို လိုချင်နေကြတာသိပမေယ့် ကျနော်က သူ့ရဲ့ ဘောလုံးဉာဏ်ရည်ကိုပိုပြီးအလိုရှိပါတယ်။”

“သူရဲ့ မျှောထိုးပေးပို့မှု့တွေ က သိပ် ကိုကောင်းမွန်လွန်းတယ်မဟုတ်လား။ ဘရူနိုကို ဘယ်ဖက်အခြမ်းနည်းနည်း ပိုရောက်တဲ့နေရာမှာ ကစားစေချင်ပါတယ်။သူကကွင်းလယ်တစ်ခုလုံးလှည့်ပတ်ကစားနိုင်ပါတယ်။သူတို့နှစ်ယောက်ကို တစ်ဖက်တစ်ချပ်စီထားပြီး ၄-၃-၃ စနစ်နဲ့လည်းကစားနိုင်သလို ဒါက ပေါဂ့်ဘာ အတွက်လည်း အကောင်းဆုံးပြန်လာမှု့ဖြစ်လာပါလိမ့်မယ်။ဒီလိုသာပွဲထွက်ခဲ့ရင် သူ့အတွက်တော့ ကာလရှည်ကြာစောင့်ခဲ့ရတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်ပါတယ်။” ဟု ပီတာရှမိုက်ကယ်က  သုံးသပ်ပြောကြားသွးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*