ဒဏ္ရာရကစားသမားေတြနဲ႔စာခ်ဳပ္သစ္ကမ္းလွမ္းထားတဲ့ကစားသမားေတြအေၾကာင္း ေျပာျပခဲ့တဲ့ ဆိုးလ္ရွား

ယေန႔ျပဳလုပ္ခဲ့တဲ့ ယူႏိုက္တဒ္နည္းျပဆိုးလ္ရွား ရဲ႕ စပါးအသင္းနဲ႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဒဏ္ရာရေနတဲ့ ကစားသမားေတြနဲ႔ အသင္းကေနစာခ်ဳပ္သစ္ကမ္းလွမ္းခံထားရတဲ့ ကစားသမားေတြကို ဆိုးလ္ရွားက ဖြင့္ဟခဲ့ပါတယ္။

စပါးအသင္းနဲ႔ပက္သက္ၿပီး

” သူတို႔ကသိပ္‌ကိုေကာင္းတဲ့အသင္းပါ။ၿပီးခဲ့တဲ့ႏွစ္ကမွခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ထားတဲ့အသင္းေလ။သူတိူ႔က လိဂ္ရဲ႕အေကာင္းဆုံးေတြထဲကတစ္သင္းပါပဲ။ဒါေပမယ့္ က်ေနာ့္ေကာင္ေလးေတြကလည္း အေကာင္းဆုံးႀကိဳးစားေနၾကၿပီး သူတိူ႔ဒီပြဲကိုအေကာင္းဆုံးကစားႏိုင္မယ္ထင္ပါတယ္။သူတို႔ကႀကံခိုင္မႈ႕ရွိေနသလို၊ အသင့္လည္းျဖစ္ေနပါၿပီ။မနက္ျဖန္ညဘာေတြျဖစ္လာမလည္းၾကည့္ရေအာင္ပါ။”

ဒဏ္ရာရကစားသမားေတြနဲ႔ပက္သက္ၿပီး

” က်ေနာ္တို႔မွာ ဒဏ္ရာရေနတဲ့ ကစားသမား ႏွစ္ေယာက္ရွိပါတယ္။ ေအဇယ္(တြမ္ဇမ္ဘီ) နဲ႔ ဂ်ဳံစ္းပါ။ သူတို႔ႏွစ္ေယာက္လြဲရင္ အားလုံးက ပြဲကစားဖို႔အသင့္ပါပဲ။မားကပ္စ္နဲ႔ေပါလ္ကလည္း အျပည့္အဝေလ့က်င့္ခန္းဆင္းႏိုင္ပါၿပီ။ သူတို႔ကစားခြင့္ရမလားဆိုေတာ့ ပြဲကစားဖို႔သူတိူ႔ကအၾကာႀကီး အနားယူခဲ့ရတာပါ။သူတို႔ပြဲထြက္ဖို႔ကေတာ့ျဖစ္ႏိုင္ပါတယ္။ဆက္ၾကည့္ၾကတာေပါ့။ ”

စာခ်ဳပ္သစ္ကိစၥနဲ႔ပက္သက္ၿပီး

“ပထမဆူံး အီဟာလိုကိုစာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့တာ ဂုဏ္ယူပါတယ္။ သူနဲ႔လည္း ေကာင္းမြန္စြာေဆြးေႏြးႏိုင္ခဲ့သလို သူ႔မိခင္အသင္းနဲ႔လည္း အေကာင္းဆုံးညႇိႏႈိင္းႏိုင္ခဲ့ပါတယ္။ သူက ကြင္းထဲမွာလည္း သက္ေသျပထားၿပီးသား ကစားသမားျဖစ္သလို အဝတ္လဲခန္းမွာလည္း ေကာင္းမြန္တဲ့ လူတစ္ေယာက္ပါ။ ဒီမွာ သူစခဲ့တာကိုအဆုံးသတ္ႏိုင္မယ္လို႔လည္းေမွ်ာ္လင့္ပါတယ္။ အိန္ဂ်ယ္(ဂိူးမတ္ဇ္) နဲ႔ပက္သက္ရင္ေတာ့ သူက သိပ္ေကာင္းတဲ့ ခ်ာတိတ္ပါ။ အသင္းမွာလည္းေနခဲ့တာၾကာပါၿပီ။ သူ႔ကို အသင္းကေနကမ္းလွမ္းမႈ႕လုပ္ထားၿပီး သူ႔အေနနဲ႔ လက္ခံလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။တကယ္လို႔ သူ႔အေနနဲ႔ ထြက္သြားခ်င္တယ္ဆိုရင္လည္း အရာအားလုံးအေကာင္းဆုံး‌ျဖစ္ေစဖို႔ဆုေတာင္းေပးလိုက္ပါတယ္”

unicode

ယနေ့ပြုလုပ်ခဲ့တဲ့ ယူနိုက်တဒ်နည်းပြဆိုးလ်ရှား ရဲ့ စပါးအသင်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေနဲ့ အသင်းကနေစာချုပ်သစ်ကမ်းလှမ်းခံထားရတဲ့ ကစားသမားတွေကို ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

စပါးအသင်းနဲ့ပက်သက်ပြီး

” သူတို့ကသိပ်‌ကိုကောင်းတဲ့အသင်းပါ။ပြီးခဲ့တဲ့နှစ်ကမှချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ထားတဲ့အသင်းလေ။သူတိူ့က လိဂ်ရဲ့အကောင်းဆုံးတွေထဲကတစ်သင်းပါပဲ။ဒါပေမယ့် ကျနော့်ကောင်လေးတွေကလည်း အကောင်းဆုံးကြိုးစားနေကြပြီး သူတိူ့ဒီပွဲကိုအကောင်းဆုံးကစားနိုင်မယ်ထင်ပါတယ်။သူတို့ကကြံခိုင်မှု့ရှိနေသလို၊ အသင့်လည်းဖြစ်နေပါပြီ။မနက်ဖြန်ညဘာတွေဖြစ်လာမလည်းကြည့်ရအောင်ပါ။”

ဒဏ်ရာရကစားသမားတွေနဲ့ပက်သက်ပြီး

” ကျနော်တို့မှာ ဒဏ်ရာရနေတဲ့ ကစားသမား နှစ်ယောက်ရှိပါတယ်။ အေဇယ်(တွမ်ဇမ်ဘီ) နဲ့ ဂျုံစ်းပါ။ သူတို့နှစ်ယောက်လွဲရင် အားလုံးက ပွဲကစားဖို့အသင့်ပါပဲ။မားကပ်စ်နဲ့ပေါလ်ကလည်း အပြည့်အဝလေ့ကျင့်ခန်းဆင်းနိုင်ပါပြီ။ သူတို့ကစားခွင့်ရမလားဆိုတော့ ပွဲကစားဖို့သူတိူ့ကအကြာကြီး အနားယူခဲ့ရတာပါ။သူတို့ပွဲထွက်ဖို့ကတော့ဖြစ်နိုင်ပါတယ်။ဆက်ကြည့်ကြတာပေါ့။ ”

စာချုပ်သစ်ကိစ္စနဲ့ပက်သက်ပြီး

“ပထမဆူံး အီဟာလိုကိုစာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ သူနဲ့လည်း ကောင်းမွန်စွာဆွေးနွေးနိုင်ခဲ့သလို သူ့မိခင်အသင်းနဲ့လည်း အကောင်းဆုံးညှိနှိုင်းနိုင်ခဲ့ပါတယ်။ သူက ကွင်းထဲမှာလည်း သက်သေပြထားပြီးသား ကစားသမားဖြစ်သလို အဝတ်လဲခန်းမှာလည်း ကောင်းမွန်တဲ့ လူတစ်ယောက်ပါ။ ဒီမှာ သူစခဲ့တာကိုအဆုံးသတ်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ အိန်ဂျယ်(ဂိူးမတ်ဇ်) နဲ့ပက်သက်ရင်တော့ သူက သိပ်ကောင်းတဲ့ ချာတိတ်ပါ။ အသင်းမှာလည်းနေခဲ့တာကြာပါပြီ။ သူ့ကို အသင်းကနေကမ်းလှမ်းမှု့လုပ်ထားပြီး သူ့အနေနဲ့ လက်ခံလိမ့်မယ်လို့မျှော်လင့်ပါတယ်။တကယ်လို့ သူ့အနေနဲ့ ထွက်သွားချင်တယ်ဆိုရင်လည်း အရာအားလုံးအကောင်းဆုံး‌ဖြစ်စေဖို့ဆုတောင်းပေးလိုက်ပါတယ်”

Be the first to comment

Leave a Reply

Your email address will not be published.


*