စပါးနဲ႔ပြဲအတြက္ ျပင္ဆင္ထားတဲ့ နည္းဗ်ဴဟာတစ္ခ်ိဳ႕ကို ေျပာျပလိုက္တဲ့ ဆိုးလ္ရွား

နည္းျပဆိုးလ္ရွားကေတာ့ လာမယ့္ေသာၾကာေန႔မွာ ကစားရမယ့္ စပါးနဲ႔ ပြဲဟာ အသင္းရဲ႕ လက္က်န္ရာသီဝက္ကို အဆုံးျဖတ္ေပးႏိုင္ၿပီး မျဖစ္မေန အႏိုင္ ကစားရမယ္လို႔ဆိုပါတယ္။ ရွက္ဖီလ္း အသင္း ရဲ႕ ပြဲႀကိဳကစားမႈ႕ေၾကာင့္ အႏိုင္ရခဲ့ရင္ ယူႏိုက္တဒ္ အေနနဲ႔ အဆင့္ ၆ ကိုယာယီဆင္းေပးရမွာျဖစ္တာေၾကာင့္ စပါးအသင္းကို အႏိုင္ရမွသာ အဆင့္ ၅ ကို တက္လွမ္းႏိုင္မွာလည္းျဖစ္ပါတယ္။စပါးအသင္းကို ယွဥ္ၿပိဳင္ၿပီးတာနဲ႔ ရွက္ဖီလ္း အသင္းကို ဆက္တိုက္ယွဥ္ၿပိဳင္ရမွာ ျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို လက္ထဲ အပိုင္ဆုပ္ကိုင္ထားခ်င္ရင္ ဒီႏွစ္ပြဲကို မျဖစ္မေနအႏိုင္ ကစားဖို႔လိုအပ္ေနတာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားက “ဒီပြဲ(စပါး)ရဲ႕အေရးပါမႈ႕နဲ႔ ဒီပြဲအေပၚက်ေနာ္တို႔ဘယ္လို ရလာဒ္ထြက္ေအာင္ ကစားမလည္းဆိုတာက လက္က်န္ရာသီအေပၚသက္ေရာက္မႈ႕ ရွိပါလိမ့္မယ္။ ဒီပြဲကသိပ္ကိုအေရးႀကီးပါတယ္။က်ေနာ္တို႔အေနနဲ႔ ရာသီမရပ္နားခဲ့ခင္က ကစားခဲ့တဲ့အတိုင္းပဲ လက္ရွိပြဲကိုရင္ဆိုင္ရပါလိမ့္မယ္။ဒီပြဲအတြက္အႏိုင္ရလာဒ္ရဖို႔ ေသခ်ာေအာင္ လုပ္ဖို႔လိုသလို ရာသီအသိမ္းပိုင္းအတြက္ ျပန္စမယ့္ ပြဲမွာ ပြဲဦးထြက္ေကာင္းဖို႔လိုအပ္ပါတယ္။”

“ဒီရာသီအိုးထရဒ့္ဖိုဒ့္မွာကစားခဲ့တဲ့ ပြဲ(စပါးပေက်ာ့) မွာ က်ေနာ္တို႔အသင္းရဲ႕ကစားပုံနဲ႔ပက္သက္ၿပီး အေတာ္မ်ားမ်ားကႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။ယခုတစ္ပတ္မွာေတာ့ ဒီပြဲကို က်ေနာ္တို႔ ျပန္ၿပီးေလ့လာခဲ့ၾကသလို အဲ့ဒီညက က်ေနာ္တို႔အသင္းကစားဟန္က အခုခ်ိန္မွာ ျပန္ကစားဖို႔ေတာင္ ခက္တယ္လို႔ထင္ပါတယ္။က်ေနာ္တို႔ စပါးအသင္းကိုတရစပ္ဖိအားေပးခဲ့သလို သူတိူ႔ကို ေတာင္ပံေတြမွာလည္း ကစားလို႔မရေအာင္ကိုလုပ္ႏိုင္ခဲ့ပါတယ္။”

“က်ေနာ္တို႔ေဘာလုံးရခဲ့ရင္ေတာ့ ျမန္ဆန္ၿပီး ထိေရာက္မႈ႕ရွိတဲ့ တိုက္စစ္ဆင္ဟန္နဲ႔အတူ ထိုးေဖာက္ ကစားခဲ့ၾကပါတယ္။က်ေနာ့္ကစားသမားေတြရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ျပဳမူပုံေတြက အဲ့ဒီပြဲမွာ တကယ္ကို ျမင့္မားခဲ့ပါတယ္။သူတို႔ရခဲ့တဲ့ ဂိုးကလြဲရင္ က်ေနာ္တို႔ အသင္းကစားပုံကအေတာ့္ကိုေကာင္းခဲ့ပါတယ္။သူတို႔ဂိုးကလည္း လက္ထိေဘာျဖစ္မယ္လို႔က်ေနာ္ထင္တယ္။အဲ့ဒီပြဲမွာ စပါးအသင္းက အခြင့္အေရးအမ်ားမဖန္တီးႏိုင္ခဲ့သလို လာမယ့္ပြဲမွာလည္း အရင္ပြဲကေနသင္ခန္းစာယူၿပီး အေကာင္းဆုံး ျဖစ္ေအာင္ ျပင္ဆင္သြားပါမယ္” လို႔ဆိုပါတယ္။

unicode

နည်းပြဆိုးလ်ရှားကတော့ လာမယ့်သောကြာနေ့မှာ ကစားရမယ့် စပါးနဲ့ ပွဲဟာ အသင်းရဲ့ လက်ကျန်ရာသီဝက်ကို အဆုံးဖြတ်ပေးနိုင်ပြီး မဖြစ်မနေ အနိုင် ကစားရမယ်လို့ဆိုပါတယ်။ ရှက်ဖီလ်း အသင်း ရဲ့ ပွဲကြိုကစားမှု့ကြောင့် အနိုင်ရခဲ့ရင် ယူနိုက်တဒ် အနေနဲ့ အဆင့် ၆ ကိုယာယီဆင်းပေးရမှာဖြစ်တာကြောင့် စပါးအသင်းကို အနိုင်ရမှသာ အဆင့် ၅ ကို တက်လှမ်းနိုင်မှာလည်းဖြစ်ပါတယ်။စပါးအသင်းကို ယှဉ်ပြိုင်ပြီးတာနဲ့ ရှက်ဖီလ်း အသင်းကို ဆက်တိုက်ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်ထဲ အပိုင်ဆုပ်ကိုင်ထားချင်ရင် ဒီနှစ်ပွဲကို မဖြစ်မနေအနိုင် ကစားဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “ဒီပွဲ(စပါး)ရဲ့အရေးပါမှု့နဲ့ ဒီပွဲအပေါ်ကျနော်တို့ဘယ်လို ရလာဒ်ထွက်အောင် ကစားမလည်းဆိုတာက လက်ကျန်ရာသီအပေါ်သက်ရောက်မှု့ ရှိပါလိမ့်မယ်။ ဒီပွဲကသိပ်ကိုအရေးကြီးပါတယ်။ကျနော်တို့အနေနဲ့ ရာသီမရပ်နားခဲ့ခင်က ကစားခဲ့တဲ့အတိုင်းပဲ လက်ရှိပွဲကိုရင်ဆိုင်ရပါလိမ့်မယ်။ဒီပွဲအတွက်အနိုင်ရလာဒ်ရဖို့ သေချာအောင် လုပ်ဖို့လိုသလို ရာသီအသိမ်းပိုင်းအတွက် ပြန်စမယ့် ပွဲမှာ ပွဲဦးထွက်ကောင်းဖို့လိုအပ်ပါတယ်။”

“ဒီရာသီအိုးထရဒ့်ဖိုဒ့်မှာကစားခဲ့တဲ့ ပွဲ(စပါးပကျော့) မှာ ကျနော်တို့အသင်းရဲ့ကစားပုံနဲ့ပက်သက်ပြီး အတော်များများကကြိုက်နှစ်သက်ခဲ့ကြပါတယ်။ယခုတစ်ပတ်မှာတော့ ဒီပွဲကို ကျနော်တို့ ပြန်ပြီးလေ့လာခဲ့ကြသလို အဲ့ဒီညက ကျနော်တို့အသင်းကစားဟန်က အခုချိန်မှာ ပြန်ကစားဖို့တောင် ခက်တယ်လို့ထင်ပါတယ်။ကျနော်တို့ စပါးအသင်းကိုတရစပ်ဖိအားပေးခဲ့သလို သူတိူ့ကို တောင်ပံတွေမှာလည်း ကစားလို့မရအောင်ကိုလုပ်နိုင်ခဲ့ပါတယ်။”

“ကျနော်တို့ဘောလုံးရခဲ့ရင်တော့ မြန်ဆန်ပြီး ထိရောက်မှု့ရှိတဲ့ တိုက်စစ်ဆင်ဟန်နဲ့အတူ ထိုးဖောက် ကစားခဲ့ကြပါတယ်။ကျနော့်ကစားသမားတွေရဲ့ဆုံးဖြတ်ချက်နဲ့ ပြုမူပုံတွေက အဲ့ဒီပွဲမှာ တကယ်ကို မြင့်မားခဲ့ပါတယ်။သူတို့ရခဲ့တဲ့ ဂိုးကလွဲရင် ကျနော်တို့ အသင်းကစားပုံကအတော့်ကိုကောင်းခဲ့ပါတယ်။သူတို့ဂိုးကလည်း လက်ထိဘောဖြစ်မယ်လို့ကျနော်ထင်တယ်။အဲ့ဒီပွဲမှာ စပါးအသင်းက အခွင့်အရေးအများမဖန်တီးနိုင်ခဲ့သလို လာမယ့်ပွဲမှာလည်း အရင်ပွဲကနေသင်ခန်းစာယူပြီး အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်သွားပါမယ်” လို့ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*