နံနက္ခင္း ယူႏိုက္တက္ သတင္းတိုမ်ား

ရွက္ဖီးယူႏိုက္တက္မွာအငွားထြက္ကစားေနတဲ့ဂိုးသမား ဟန္ဒါဆန္ ဟာ မေန႔ညက သေရပြဲအၿပီးမွာေတာ့ ဒီရာသီသူ႔အတြက္(၁၁)ႀကိမ္ေျမာက္ ‘Clean Sheet’ ကို ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဟန္ဒါဆန္ ဟာ လက္ရွိအခ်ိန္မွာ ဂိုးမေပးရပြဲအေရအတြက္အမ်ားဆုံးရရွိထားတဲ့ဂိုးသမားစာရင္းရဲ႕နံပါတ္(၁)ေနရာမွာ ဘန္ေလဂိုးသမား Nick Pope နဲ႔အတူ ဦးေဆာင္ေနၿပီျဖစ္ပါတယ္။

စပါးနဲ႔ပြဲအတြက္ ျပင္ဆင္ေနတဲ့ ယေန႔ ေလ့က်င့္ေရးအစီအစဥ္ကို ဂရင္းဝုဒ္၊ ဝီလ်ံ ၊ မန္ဂီ ၊ ဂ်ိမ္းစ္ဂါနာ ၊ တာဟစ္ေခ်ာင္နဲ႔ ဂိုးမက္စ္တို႔ ပူးေပါင္းခဲ့ေၾကာင္း သိရပါတယ္။

ေပါ့ဘာကိုယ္စားလွယ္အဖြဲ႔ထဲ၀င္တစ္တဦးရဲ႕ ​ေျပာၾကားခ်က္အရ ေပါ့ဘာဟာ ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းတိုးရန္ အလားအလာရိွေနေၾကာင္း သိရပါတယ္။

ယူ႐ိုပါလိဂ္ပြဲစဥ္ကို ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္ ႏွင့္ ဖိုင္နယ္ပြဲစဥ္မ်ားကို ဂ်ာမနီႏိုင္ငံတြင္သြားကစားရမည္ဟုသိ ရပါတယ္ ။ ပြဲစဥ္ကို August လ (10) ရက္ေန႔မွ (21) ရက္ေန႔အတြင္းက်င္းပမည္ျဖစ္ၿပီး တစ္ေက်ာ့သာယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။။ယူ႐ိုပါလိဂ္ (16) သင္းအဆင့္ဒုေက်ာ့ပြဲစဥ္ကို August လ(5/6) ရက္ၾကားတြင္ကစားမယ္လို႔ သိရပါတယ္။

ယူႏုိက္တက္အသင္းဟာ လာမည့္ေဘာလုံးရာသီအတြက္ ကြင္းလယ္ေနရာတြင္ ကြင္းလယ္အထုိင္တစ္ဦး၊ တိုက္စစ္လုိက္ပါကစားႏိုင္မည့္ကြင္းလယ္တစ္ဦး ႏွင့္ ညာေတာင္ပံ တစ္ဦးကုိ အဓိက ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

ယူႏိုက္တက္အသင္းဟာ  စပိန္ကလပ္ဗီလာရီရဲလ္အသင္း ေနာက္ခံလူ Pau Torres ကိုေခၚယူရန္စိတ္ဝင္စားေနပါတယ္။  ၎ဟာ မန္စီးတီးပစ္မွတ္ထားသည့္ ကစားသမားလည္းျဖစ္ေနပါေသးတယ္။  ယူႏိုက္တက္က ေႏြအေျပာင္းအေရႊ႔တြင္ေနာက္ခံ လူတစ္ဦးကိုေခၚယူဖို႔လည္း စိတ္အားထက္သန္ေနပါတယ္။

unicode

ရှက်ဖီးယူနိုက်တက်မှာအငှားထွက်ကစားနေတဲ့ဂိုးသမား ဟန်ဒါဆန် ဟာ မနေ့ညက သရေပွဲအပြီးမှာတော့ ဒီရာသီသူ့အတွက်(၁၁)ကြိမ်မြောက် ‘Clean Sheet’ ကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဟန်ဒါဆန် ဟာ လက်ရှိအချိန်မှာ ဂိုးမပေးရပွဲအရေအတွက်အများဆုံးရရှိထားတဲ့ဂိုးသမားစာရင်းရဲ့နံပါတ်(၁)နေရာမှာ ဘန်လေဂိုးသမား Nick Pope နဲ့အတူ ဦးဆောင်နေပြီဖြစ်ပါတယ်။

စပါးနဲ့ပွဲအတွက် ပြင်ဆင်နေတဲ့ ယနေ့ လေ့ကျင့်ရေးအစီအစဉ်ကို ဂရင်းဝုဒ်၊ ဝီလျံ ၊ မန်ဂီ ၊ ဂျိမ်းစ်ဂါနာ ၊ တာဟစ်ချောင်နဲ့ ဂိုးမက်စ်တို့ ပူးပေါင်းခဲ့ကြောင်း သိရပါတယ်။

ပေါ့ဘာကိုယ်စားလှယ်အဖွဲ့ထဲဝင်တစ်တဦးရဲ့ ပြောကြားချက်အရ ပေါ့ဘာဟာ ယူနိုက်တက်နှင့်စာချုပ်သက်တမ်းတိုးရန် အလားအလာရှိနေကြောင်း သိရပါတယ်။

ယူရိုပါလိဂ်ပွဲစဉ်ကို ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် နှင့် ဖိုင်နယ်ပွဲစဉ်များကို ဂျာမနီနိုင်ငံတွင်သွားကစားရမည်ဟုသိ ရပါတယ် ။ ပွဲစဉ်ကို August လ (10) ရက်နေ့မှ (21) ရက်နေ့အတွင်းကျင်းပမည်ဖြစ်ပြီး တစ်ကျော့သာယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။။ယူရိုပါလိဂ် (16) သင်းအဆင့်ဒုကျော့ပွဲစဉ်ကို August လ(5/6) ရက်ကြားတွင်ကစားမယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ လာမည့်ဘောလုံးရာသီအတွက် ကွင်းလယ်နေရာတွင် ကွင်းလယ်အထိုင်တစ်ဦး၊ တိုက်စစ်လိုက်ပါကစားနိုင်မည့်ကွင်းလယ်တစ်ဦး နှင့် ညာတောင်ပံ တစ်ဦးကို အဓိက ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ  စပိန်ကလပ်ဗီလာရီရဲလ်အသင်း နောက်ခံလူ Pau Torres ကိုခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။  ၎င်းဟာ မန်စီးတီးပစ်မှတ်ထားသည့် ကစားသမားလည်းဖြစ်နေပါသေးတယ်။  ယူနိုက်တက်က နွေအပြောင်းအရွှေ့တွင်နောက်ခံ လူတစ်ဦးကိုခေါ်ယူဖို့လည်း စိတ်အားထက်သန်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*