ပရီးမီးယားလိဂ္ၿပိဳင္ဘက္ကစားသမားေတြကို ျပင္းျပင္းထန္ထန္ သတိေပးလိုက္တဲ့ ဖာနန္ဒက္စ္

ေပၚတူဂီသား ဘ႐ူႏိုဖာနန္ဒက္စ္ ကေတာ့ သူ႔အရည္အေသြးေတြကို ပရီးမီးယားလိဂ္က လူေတြ သတိထားမိၾကၿပီျဖစ္ေပမယ့္ ပိုေကာင္းတဲ့ေျခစြမ္းေတြနဲ႔ သူထပ္လာ ခဲ့မယ္လို႔ ဆိုပါတယ္။ဘ႐ူႏို ကို ေရာက္ရွိခါစထဲက ပရိတ္သတ္တိုင္းက ေမွ်ာ္လင့္ထားၾကသလို သူကလည္း ပြဲအျပည့္ကစားခဲ့တဲ့ ငါးပြဲမွာ အေကာင္းဆုံးဆုငါးႀကိမ္နဲ႔ လိဂ္၊အဖြဲ႕ခ်ဳပ္ နဲ႔ အသင္းတို႔ကေပးတဲ့ တစ္လတာအေကာင္းဆုံးဆု ေတြကိုပါသိမ္းပိုက္ခဲ့သူျဖစ္ပါတယ္။

ဘ႐ူႏိုက ” ပထမပြဲအနည္းငယ္ေလာက္တုန္းက က်ေနာ့္အေၾကာင္း ဒီကလူေတြသိပ္မသိၾကေသးပါဘူး။အခုဆိုရင္ေတာ့ သူတို႔က က်ေနာ့္ကိုရင္ဆိုင္ဖို႔ပိုၿပီးအသင့္ျဖစ္ေနၾကပါၿပီ။ဒါေပမယ့္ က်ေနာ္ကသူတို႔ထက္ပိုၿပီး အသင့္ျဖစ္ေနသလို ပိုၿပီးေကာင္းလာေအာင္ ကစားဖို႔အတြက္လည္း စိတ္လႈပ္ရွားေနပါၿပီ။ ဒါက က်ေနာ့္ရည္မွန္းခ်က္ပါပဲ။က်ေနာ့္ရဲ႕ တစ္ကိုယ္ရည္ ရည္မွန္းခ်က္ေတြက အရင္လုပ္ခဲ့တာထက္ ပိုေကာင္းေအာင္ လုပ္ဖို႔ပါပဲ။က်ေနာ့္တစ္ကိုယ္ရည္ပစ္မွတ္ေတြက အသင္းရဲ႕ ပစ္မွတ္နဲ႔အတူတူပဲေလ။က်ေနာ္တို႔အဓိကပစ္မွတ္ထားေနတာက ခ်န္ပီယံလိဂ္မွာ ေနရာတစ္ေနရာရဖို႔ပဲ။ဒီအသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္က ထိုက္တန္တာ ေသခ်ာပါတယ္။”

“က်ေနာ္ဒီကိုေရာက္ၿပီး မန္ယူႏိုက္တဒ္ အသင္းကေန ‌သင္ယူႏိုင္ခဲ့တာက ‌ရႏိုင္သမွ် ဖလား အားလုံးအရယူဖို႔ပဲ။ဒါက က်ေနာ့္ ရည္မွန္းခ်က္ျဖစ္ေနပါၿပီ။ဒါေၾကာင့္လည္း က်ေနာ္မန္ယူႏိုက္တဒ္ကိုေ႐ြးခ်ယ္ခဲ့တာေပါ့။က်ေနာ့္အေနနဲ႔ အရာအားလုံးကိူတိုက္ခိုက္ၿပီး ေအာင္ႏိုင္သူတစ္ေယာက္ျဖစ္ခ်င္ပါတယ္။က်ေနာ္တို႔ပရိတ္သတ္ေတြကို အိမ္မွာပဲၾကည့္ရေပမယ့္ ေပ်ာ္႐ႊင္စရာအခ်ိဳ႕ယူေဆာင္ေပးခ်င္ပါေသးတယ္။အခုလက္ရွိကေတာ့ ဒီလိုပဲျဖစ္ေနမွာပဲေလ၊ မၾကာခင္ေတာ့ သူတို႔နဲ႔အတူ ကြင္းထဲမွာ ျပန္ၿပီးစုံေတြ႕ရေတာ့မွာပါ။”

” လက္ရွိမွာေတာ့ သူတို႔အတြက္ ႏိုင္ပြဲေတြ ပုံေဖာ္ေပးခ်င္ေနပါၿပီ။ အသင္းလိုက္အေနနဲ႔ ပိုၿပီးေကာင္းေအာင္ႀကိဳးပမ္းေနသလို အေကာင္းဆုံးအေနထားနဲ႔ ပုံစံမွာ ရွိေနဖို႔ႀကိဳးပမ္းေနပါတယ္။တစ္ခုပဲျပသနာရွိတာက ပရိတ္သတ္ေတြကို ေမ့ဖို႔ရာကသိပ္ခက္ခဲပါတယ္။ေဘာလုံးဆိုတာ ပရိတ္သတ္မပါပဲ အဓိပၸါယ္မရွိဘူးေလ။ပရိတ္သတ္မပါပဲ ကစားရမွာကခက္ခဲေပမယ့္လည္း က်ေနာ္တို႔က ကြင္းနဲ႔ေဝးကြာေနခဲ့တာ အေတာ္ၾကာေနပါၿပီ။အခုခ်ိန္မွာ ျမက္ခင္းျပင္ကို ျပန္ၿပီးေျခခ်ႏိုင္ဖို႔ကလည္း အေရးႀကီးဆုံးအခ်က္ပါပဲ” ဟု ဆိုပါတယ္။

unicode

ပေါ်တူဂီသား ဘရူနိုဖာနန်ဒက်စ် ကတော့ သူ့အရည်အသွေးတွေကို ပရီးမီးယားလိဂ်က လူတွေ သတိထားမိကြပြီဖြစ်ပေမယ့် ပိုကောင်းတဲ့ခြေစွမ်းတွေနဲ့ သူထပ်လာ ခဲ့မယ်လို့ ဆိုပါတယ်။ဘရူနို ကို ရောက်ရှိခါစထဲက ပရိတ်သတ်တိုင်းက မျှော်လင့်ထားကြသလို သူကလည်း ပွဲအပြည့်ကစားခဲ့တဲ့ ငါးပွဲမှာ အကောင်းဆုံးဆုငါးကြိမ်နဲ့ လိဂ်၊အဖွဲ့ချုပ် နဲ့ အသင်းတို့ကပေးတဲ့ တစ်လတာအကောင်းဆုံးဆု တွေကိုပါသိမ်းပိုက်ခဲ့သူဖြစ်ပါတယ်။

ဘရူနိုက ” ပထမပွဲအနည်းငယ်လောက်တုန်းက ကျနော့်အကြောင်း ဒီကလူတွေသိပ်မသိကြသေးပါဘူး။အခုဆိုရင်တော့ သူတို့က ကျနော့်ကိုရင်ဆိုင်ဖို့ပိုပြီးအသင့်ဖြစ်နေကြပါပြီ။ဒါပေမယ့် ကျနော်ကသူတို့ထက်ပိုပြီး အသင့်ဖြစ်နေသလို ပိုပြီးကောင်းလာအောင် ကစားဖို့အတွက်လည်း စိတ်လှုပ်ရှားနေပါပြီ။ ဒါက ကျနော့်ရည်မှန်းချက်ပါပဲ။ကျနော့်ရဲ့ တစ်ကိုယ်ရည် ရည်မှန်းချက်တွေက အရင်လုပ်ခဲ့တာထက် ပိုကောင်းအောင် လုပ်ဖို့ပါပဲ။ကျနော့်တစ်ကိုယ်ရည်ပစ်မှတ်တွေက အသင်းရဲ့ ပစ်မှတ်နဲ့အတူတူပဲလေ။ကျနော်တို့အဓိကပစ်မှတ်ထားနေတာက ချန်ပီယံလိဂ်မှာ နေရာတစ်နေရာရဖို့ပဲ။ဒီအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်က ထိုက်တန်တာ သေချာပါတယ်။”

“ကျနော်ဒီကိုရောက်ပြီး မန်ယူနိုက်တဒ် အသင်းကနေ ‌သင်ယူနိုင်ခဲ့တာက ‌ရနိုင်သမျှ ဖလား အားလုံးအရယူဖို့ပဲ။ဒါက ကျနော့် ရည်မှန်းချက်ဖြစ်နေပါပြီ။ဒါကြောင့်လည်း ကျနော်မန်ယူနိုက်တဒ်ကိုရွေးချယ်ခဲ့တာပေါ့။ကျနော့်အနေနဲ့ အရာအားလုံးကိူတိုက်ခိုက်ပြီး အောင်နိုင်သူတစ်ယောက်ဖြစ်ချင်ပါတယ်။ကျနော်တို့ပရိတ်သတ်တွေကို အိမ်မှာပဲကြည့်ရပေမယ့် ပျော်ရွှင်စရာအချို့ယူဆောင်ပေးချင်ပါသေးတယ်။အခုလက်ရှိကတော့ ဒီလိုပဲဖြစ်နေမှာပဲလေ၊ မကြာခင်တော့ သူတို့နဲ့အတူ ကွင်းထဲမှာ ပြန်ပြီးစုံတွေ့ရတော့မှာပါ။”

” လက်ရှိမှာတော့ သူတို့အတွက် နိုင်ပွဲတွေ ပုံဖော်ပေးချင်နေပါပြီ။ အသင်းလိုက်အနေနဲ့ ပိုပြီးကောင်းအောင်ကြိုးပမ်းနေသလို အကောင်းဆုံးအနေထားနဲ့ ပုံစံမှာ ရှိနေဖို့ကြိုးပမ်းနေပါတယ်။တစ်ခုပဲပြသနာရှိတာက ပရိတ်သတ်တွေကို မေ့ဖို့ရာကသိပ်ခက်ခဲပါတယ်။ဘောလုံးဆိုတာ ပရိတ်မယသတ်မပါပဲ အဓိပ္ပါယ်မရှိဘူးလေ။ပရိတ်သတ်မပါပဲ ကစားရမှာကခက်ခဲပေမယ့်လည်း ကျနော်တို့က ကွင်းနဲ့ဝေးကွာနေခဲ့တာ အတော်ကြာနေပါပြီ။အခုချိန်မှာ မြက်ခင်းပြင်ကို ပြန်ပြီးခြေချနိုင်ဖို့ကလည်း အရေးကြီးဆုံးအချက်ပါပဲ” ဟု ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*